Quantcast
Channel: ဘလော့ခရီးသည်
Viewing all articles
Browse latest Browse all 2531

ဘောလုံးပွဲဝါသနာရှင်များအတွက်-FotMob 32.0.134 APK

$
0
0

Android phone/Tablet ကိုင်ဆောင်ကာ FotMob 32.0.134 APK အသုံးပြု လိုသူများအတွက် မျှဝေပေးလိုက်ပါတယ်။ FotMob ဆိုတဲ့ application လေးကတော့ ဘောလုံးဝါသနာရှင် များအတွက် ဖန်တီးပေးထားတဲ့ apk လေးဖြစ်ပါတယ်။ ဒီ apk လေးကနေပြီး League အသီးသီးရဲ့ ကစားမဲ့ ပွဲစဉ်အချိန် အမှတ်ပေးဇယား စတာတွေအပြင် အသင်းတစ်သင်းရဲ့ တစ်နှစ်ပတ်လုံးမှာ ကစားကြမဲ့ ပွဲစဉ်တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ဘောလုံးပွဲစဖို့ နာရီဝက်လောက် အလိုမှာဆိုရင် အသင်းမှာ ပါဝင်ကစားကြမဲ့ လူစာရင်း လောင်းကြေး စတာတွေကိုလည်း ကြည့်ရှုနိုင်သလို ဘောလုံးပွဲပြီးသွာတဲ့ အခါမှာလည်း ဒီပွဲစဉ်ရဲ့ ဘောလုံးပိုင်ဆိုင်မှု ဖောင်းဘော အဝါကဒ် ထောင့်ကန်ဘော အစရှိတာတွေကိုလည်း အသေးစိတ်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါတွေမကသေးပါဘူး League တစ်ခုချင်းစီမှာ  ဂိုးသွင်းထားတဲ့ ကစားသမားတွေရဲ့ အမည်စာရင်းတွေအပြင် ဘောလုံးလောကရဲ့ သတင်းတွေကိုလည်း တစ်နေရာထဲမှာ သိနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 15.44 MB ရှိပြီး  Android OS 2.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းလုဒ်ရယူနိုင်ပါပြီ။



Viewing all articles
Browse latest Browse all 2531

Trending Articles